“ဂူကြီးသုံးလုံး”
image
image
image
image
Advertisements
“မင်္ဂလာအ​ပေါင်းနှင့်​ပြည့်​စုံပါ​စေ”
“မင်္ဂလာအ​ပေါင်းနှင့်​ပြည့်​စုံပါ​စေ”
ဘယ်​​ယောက်ျား​လေးမဆို ​နောက်​ဆုံး​တော့
ဘယ် ယောက်ျားလေးမဆို
နောက်ဆုံးတော့ ဒီလိုမိန်းကလေးတွေကိုပဲ
ဘ၀လက်တွဲဖော်အဖြစ်
ရွေးချယ်တတ်ကြတယ်။
image
နှုတ်ခမ်းနီမလေးတွေကို ငေးတယ်။
ဒါပေမယ့် .. သနပ်ခါးမလေးတွေကို ရွေးတယ်။
ဆံနီမလေးတွေကို ကြည့်တယ်။
ဒါပေမယ့် .. ဆံကျစ်ကလေးတွေဆို ငြိတယ်။
sexy လေးတွေကို တပ်မက်တယ်။
ဒါပေမယ့် .. အိနြေ္ဒရှင်လေးကိုပဲ လက်ထပ်တယ်။
အတို အဟိုက်လေးတွေဆို မျက်ဝန်းမှာ ဝဲနေတယ်။
ဒါပေမယ့် .. ရင်ဖုံး လုံချည် လေးတွေပဲ
ရင်တွင်းမှာ စွဲစေတယ်။
လရောင်အောက်က ချစ်သူဆို မက်မဆုံး ကြည်နူးတယ်။
ဒါပေမယ့် .. နေရောင်အောက်က ချစ်သူကိုပဲ
တစ်သက်လုံး ရည်စူးတယ်။
၃ နှစ် ၃ မိုးခေတ် မဟုတ်တော့လို့
၃ ရက် ၃ မိနစ် အချစ်ကို ကြည်နူးတယ်
ဒါပေမယ့် စံပယ်တွေ လွယ်လွယ်ပွင့်ရင်
လွယ်လွယ်လေးပဲ လွှင့်ပစ်တတ်ကြတယ်
မိန်းကလေးရေ !!
မင်း ဘယ်လောက်ပဲ ဖလန်းဖလန်း ထထ
လူပျိုတွေ တမ်းတမ်းတတ စာရင်းထဲတော့
မင်း … မပါဘူး !
ယောက်ျားတွေ နောက်ဆုံးရွေးခြယ်တာ
တည်ငြိမ်အေးဆေးသူ ….
သဘောထားကြီးသူ ….
ခွင့်လွတ်နားလည်နိုင်ဆုံး သူတွေပါပဲနော်။
Crd
#%e1%80%9e%e1%80%af%e1%80%90-%e1%80%9b%e1%80%9e
အမှား​တွေလုပ်​ပြီး အချစ်​ခံ​နေရသူထက်
Continue reading
#news
image
အစဉ်လေးစားစွာဖြင့်…
ကိုသူရ
(Saving The Minds)
image
[ UNICODE ]
Pyae Phyo ရေ…
ဒီနေ့အတွက် သိမှတ်စရာ စာသားအတိုအထွာလေး ပို့လိုက်ပါတယ်။
လူအတော်များများထင်ထားကြတာက စာသင်ရင်တတ်မယ်ဆိုတာပါ။ ဆရာက သင်လိုက်မယ်၊ သင်တန်းတခုခု တက်လိုက်မယ်ဆိုရင် ကိုယ်တတ်မြောက်မယ်လို့ ထင်ထားတာပါ။ ပြန်စဉ်းစားကြည့်ပါဦး၊ စာသင်ခန်းတခုမှာ သင်တဲ့အချိန်လည်း အတူတူ၊ သင်တဲ့ဆရာလညး်အတူတူ၊ သင်တဲ့စာလည်းအတူတူ ဖြစ်ပါရဲ့နဲ့ ဘာလို့ ကျောင်းသားတွေရဲ့ အဆင့်တွေ ကွာခြားနေကျပါသလဲ။ ရှင်းရှင်းလေးပါ သင်ယူကျင့်သုံးတဲ့လူတွေမတူကျလို့ပါ။ ဆရာဘယ်လောက်ပြောပြော ကိုယ်ကိုယ်တိုင် လိုက်လုပ်၊ လိုက်ကျင့်မှ ရပါတယ်၊ တတ်မြောက်ပါတယ်၊ ကျွမ်းကျင်ပါတယ်၊ အကျိုးရပါတယ်။ အသေးစိတ် ထပ်ပြောရရင် ကျွန်တော်တို့ဟာ သူများရဲ့ပြောစကားကို တိုက်ရိုက် မနာခံတတ်ပါဘူး။ ကိုယ့်ရဲ့ပြောစကားကိုပဲ လက်ခံတတ်တာများပါတယ်။ တဖက်လူရဲ့ပြောစကားကို ကိုယ့်ရဲ့နားနဲ့ ကြားပြီး၊ ဦးနှောက်က ဆက်စပ်ဘာသာပြန်တွေးခေါ်လိုက်တာကိုပဲ ကျွန်တော်တို့ သိလိုက်တာပါ။ ရိုးရိုးကြည့်လိုက်ရင် အခြားလူက သင်ပေးတာကို ကိုယ်က သင်ယူနေတယ်ဆိုပေမယ့်၊ စေ့စေ့တွေးကြည့်ရင် ကျွန်တော်တို့ဦးနှောက်က ဆက်စပ် ဘာသာပြန်သင်ပေးတာကို ကျွန်တော်တို့ ပြန်လည် သင်ယူနေခြင်းဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ဦးနှောက်က ဆရာပြောတာကို လိုက်လံ မတွေးတောဘူး၊ မဆက်စပ်ဘူးဆိုရင် ကျွန်တော်တို့ ဘယ်လောက်ပဲသင်သင် တက်မြောက်ဖို့ခက်ပါတယ်။ ဒီလို အသေးစိတ်သိလာရင် ကိုယ်စာသင်တိုင်းမှာ ကိုယ့်ဦးနှောက်ကို တွေးခိုင်းပါ၊ ဆက်စပ်ခိုင်းပါ။ ဒါမှ ဒီအတွေးလေးတွေ တခုနဲ့တခု ချိတ်ဆက်ပြီး ကျွန်တော်တို့ နားလည်သဘောပေါက် တတ်သိလာမှာဖြစ်ပါတယ်။။…
ဒီမှတ်သားစရာ အတိုအထွာလေးက သင့်အတွက်အကျိုးရှိတယ်ဆိုရင်၊ ကျွန်တော်အများကြီး ဝမ်းသာပါတယ်။နောက်နေ့မှာလည်း ထပ်ပို့ပေးပါဦးမယ်။ မရှင်းလင်းတဲ့အချက်ပဲဖြစ်ဖြစ်၊ မေးချင်တာပဲဖြစ်ဖြစ်၊ အတွေ့အကြုံဝေငှချင်ရင်ပဲဖြစ်ဖြစ် ကျွန်တော့်ဆီ စာပြန်လိုက်ပါ။ ပို့တဲ့စာတိုင်း ဖတ်ပါတယ်။
အစဉ်လေးစားစွာဖြင့်…
ကိုသူရ
(Saving The Minds)
Founder of SuccessUpsize.com
#news
image
“တစ်ခါတစ်လေ မိမိဘဝကို
ပိတ်ဆို့နေတာ အခြားသူတွေမဟုတ်ပဲ မိမိရဲ့ ခံယူချက်တွေ ဖြစ်နေတတ်တယ်”
“ဖာရာရီလမ်းခွဲ” စာအုပ်ရဲ့ အခန်း(၉)လောက်မှာ
ဂျူလီယန်က ဂျွန်ကို ဒိုက်ထိုးခိုင်းတယ်။ “မင်းတတ်နိုင်
သလောက် ဒိုက်ထိုးကွာ”လို့ ပြောလိုက်တော့ ဂျွန်က
ဒိုက်ထိုးတယ်။ ၂၃ ကြိမ်လောက်ပဲ ထိုးနိုင်တယ်။
၂၃ ကြိမ်လောက်ပဲရကြောင်း၊ အဲ့ဒီထက်ပိုပြီး
ဒိုက်မထိုးနိုင်တော့ကြောင်း ဂျူလီယန်ကို ပြန်ပြော
တယ်။ ဂျူလီယန်က ၁၀ ကြိမ်တော့ ထပ်ထိုးပေးပါ၊
ပြီးရင် နားလို့ရပါပြီလို့ ပြောတော့ ဂျွန်က အဲ့ဒီ(၁၀)ကြိမ်
ကိုရအောင် ဒိုက်ထပ်ထိုးနိုင်ခဲ့တယ်။
တကယ်တော့ ၂၃ကြိမ်ဆိုတာ ဂျွန်လုပ်နိုင်တဲ့ ပမာဏ
အကုန်မဟုတ်ဘူး။ ၂၃ကြိမ်ဆိုတာ ဂျွန်သက်တောင့်
သက်သာ လုပ်နိုင်တဲ့ ပမာဏပဲ ရှိသေးတယ်။
တကယ်တော့ ဂျွန်မှာအဲ့ဒီပိုစွမ်းဆောင်နိုင်တဲ့ စွမ်းအားတွေ
ကိန်းဝပ်နေသေးတယ်။ ကျွန်တော်တို့ အားလုံးမှာလည်း
ကိုယ်ထုတ်မသုံးဖြစ်တဲ့ စွမ်းအင်တွေ ရှိနေတယ်။
ကျွန်တော်တို့လူအများစုဟာလည်း သက်တောင့်သက်သာ
အနေအထားမှာပဲ ရပ်တန့်ကြတာများတယ်။ ဂျူလီယန်က
အဲ့ဒီအချက်ကို သရုပ်ပြချင်လို့ ဂျွန်ကို ဒိုက်ထိုးခိုင်းခဲ့တာ
ဖြစ်တယ်။ သူပြသွားတဲ့ဥပမာက ကျွန်တော်ကိုယ်တိုင်
လည်း ရင်းနှီးခဲ့တဲ့ အရာဖြစ်နေတယ်။ ဥပမာ ကျွန်တော်
ဒိုက် ၂၀ ထိုးမယ်လို့ ရည်ရွယ်ထားရင်၁၅ ကြိမ်လောက်မှာ
အားနည်းနည်းကျလာတယ်။၁၅ ကြိမ်နဲ့ အကြိမ် ၂၀ကြားက
၅ချက်က အရမ်းပင်ပန်းတယ်။ ဒါပေမယ့် ကျွန်တော်
ဒိုက်စထိုးတည်းက အကြိမ်၃၀ ထိုးမယ်လို့ ရည်ရွယ်ထား
ရင် ၃၅ ကြိမ်လောက်မှစပြီးလက်က နုံးလာတယ်။ ၃၅ ကြိမ်
နဲ့ ၄၀ ကြားက ၅ကြိမ်ကအခက်ဆုံးပဲ။ အကြိမ် ၃၀ ထိုးမယ်
လို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ ဘာလို့ အကြိမ် ၂၀ ထိုးတုန်း
ကလို ၁၅ကြိမ်မှာမညောင်းတော့တာလဲ… တကယ်ဆို
ညောင်းသင့်တယ်မဟုတ်ဘူုးလား…
အဓိက စကားပြောသွားတာကတော့ စိတ်စွမ်းအင်ပဲ..
စိတ်က လူတစ်ယောက်ရဲ့ လုပ်နိုင်စွမ်းကို ထိန်းချုပ်နိုင်
တယ်။ ငါဒါပဲလုပ်လို့ရမယ်လို့ စဉ်းစားရင် အဲ့ဒီလောက်ပဲ
လုပ်လို့ရလေ့ရှိတယ်။ ငါဒီထက်ပိုလုပ်နိုင်တယ်လို့ စဉ်းစား
ရင် တကယ်လည်း မှန်းထားတာထက်ပိုလုပ်နိုင်လေ့ရှိ
တယ်။ ငါက အလကားကောင်ပါကွာ…ပိုက်ဆံလည်း
ရှိလာမှာ မဟုတ်ဘူး…အောင်လည်း အောင်မြင်မှာ
မဟုတ်ဘူး.. စသဖြင့် စဉ်းစားထားရင် အဲ့ဒီအတွေးက
ကိုယ့်ရဲ့ လုပ်နိုင်စွမ်းတွေကို ခြံစည်းရိုးခတ်လိုက်တယ်။
အောင်မြင်ဖို့ အခွင့်အရေးရှိလည်း အဲ့ဒီအခွင့်အရေးကို
မယူရဲတော့ဘူး။ ကိုယ်ခံယူထားတဲ့ ခံယူချက်ထဲမှာ
ကိုယ်က အောင်မြင်မှာ မဟုတ်တဲ့သူကြီး၊ အမြဲတမ်း
ကျရှုံးမယ့်သူကြီး ဖြစ်နေတယ်။ ဒီတော့ ကိုယ်ခံယူထား
တဲ့ ခံယူချက်နဲ့ လွဲနေတဲ့ ကိစ္စတိုင်းကို မလုပ်တော့ဘူး။
မလုပ်တော့ မဖြစ်ဘူး။ မဖြစ်တော့…ကိုယ့်ခံယူချက်ကို
ပိုယုံလာတယ်။ ဒီလိုနဲ့ အောက်ဆုံးကို တဖြည်းဖြည်း
ရောက်သွားတယ်။
နောက်ထပ် ဥပမာ တစ်ခုပေးရရင် ကိုယ်က ကိုယ့်ကိုယ်
ကို ရုပ်ဆိုးတယ်၊ Confidence မရှိဘူး လို့ ခံယူထား
တယ်ဆိုပါစို့။ မှန်ထဲမှာ ကြည့်လိုက်တိုင်း ရုပ်ဆိုးပြီး
Confidence မရှိတဲ့သူတစ်ယောက်ကို မြင်နေရလိမ့်
မယ်။ အဲ့ဒါကို Self-image လို့ခေါ်တယ်။ လူတွေဟာ
အဲ့ဒီ Self-image နဲ့ ကိုက်ညီတဲ့ လုပ်ရပ်တွေကိုပဲ
လုပ်လေ့ရှိတယ်။ ဥပမာ ဦးဆောင်ဖို့ အခွင့်အရေး
ပေါ်
လာတဲ့အခါမျိုး၊ လူတွေကြားထဲသွားရမယ့် အခွင့်အရေး
ပေါ်လာတဲ့အခါမျိုး၊ ကောင်မလေးချောချော/ကောင်လေး
ချောချောတွေနဲ့ စကားပြောရမယ့် အခွင့်အရေးမျိုး၊
စသဖြင့် အခွင့်အရေးတွေ ပေါ်လာတဲ့အခါ Self-image
မကောင်းသူဟာ အဲ့ဒီအခွင့်အရေးတွေကို ငြင်းပယ်လိမ့်
မယ်။ ရှောင်ထွက်လိမ့်မယ်။ ငါဟာ ရုပ်ဆိုးတယ်၊
ငါဟာ ကောင်မလေးချောချောတွေနဲ့ စကားပြောနိုင်မှာ
မဟုတ်ဘူး၊ ငါဟာဦးဆောင်နိုင်သူ တစ်ယောက်မဟုတ်
ဘူး၊ ငါဟာ လူရှေ့ထွက်ရဲသူ တစ်ယောက်မဟုတ်ဘူး..
စတဲ့ Limit တွေက သင့်ကို အမြဲနောက်ကို ဆွဲထားလိမ့်
မယ်။ လွတ်လပ်ပြီး ဘဝကြီးကို အပြည့်အဝ ခံစားချင်ရင်
အဲ့ဒီ Limit တွေကို ဆန့်ထုတ်ဖို့ လိုတယ်။ ငါဟာ ဒိုက်(၁၀)
ကြိမ်ပဲထိုးနိုင်သူလို့ သတ်မှတ်ထားရင် (၅)ကြိမ်လောက်မှာ
တည်းက စမောလိမ့်မယ်။ ဘဝမှာ သူများက တားဆီးလို့
မဟုတ်ပဲ ကိုယ့်ဘာသာ တားဆီးပိတ်ဆို့မိနေတာတွေ
ရှိတတ်တယ်။ တစ်ခါတစ်လေ မိမိဘဝကို ပိတ်ဆို့နေတာ
အခြားသူတွေမဟုတ်ပဲ မိမိရဲ့ခံယူချက်တွေ ဖြစ်နေတတ် တယ်…ဒီတော့
ဘာဆက်လုပ်ရမလဲဆိုတာ
စာဖတ်သူ သိလောက်ပါပြီ….
#မိုးရှင်း (I.M.T)
#ဖာရာရီလမ်းခွဲ
ဘ၀က​ပေးတဲ့သင်္ခန်းစာ
မိန်းမတွေက ကြာလေ တစ်ယောက်တည်းရှင်သန်တတ်လာကြတယ်
ဒါ ယနေ့ခေတ်ရဲ့ဖြစ်ရပ်မှန်ပဲ………
ကိုယ့်ပတ်ဝန်းကျင်က မိန်းကလေးတစ်ချို့ တစ်နေ့ထက်တစ်နေ့ ပိုပြီးထက်မြတ်လာတယ်။
ကိုယ်တိုင် ကားမောင်းတယ်၊ ပိုက်ဆံရှာတယ်၊
အိမ်မှုကိစ္စနိုင်တယ်၊ ဟင်းကောင်းတစ်ခွက် ကောင်းကောင်းချက်နိုင်တယ်၊
အခက်အခဲရှိရင် ကိုယ့်ဖာသာကိုယ်ရင်ဆိုင်နိုင်တယ်၊
မိန်းမပျော့လေးကနေ မိန်းမလူစွမ်းကောင်းတွေ ဖြစ်လာကြတယ်။ ယောက်ျားဆိုတာကို မလိုအပ်တော့ဘူးဆိုတာထက် မရွေးချယ်ချင်တော့သလို ဖြစ်လာတယ်။
ကိုယ့်ကိုကိုယ်လည်း ချစ်မြတ်နိုးပြီး 
ပျော်ပျော်နေလည်း ဒီတစ်ရက်ပဲ၊ ဝမ်းနည်းလည်း ဒီတစ်ရက်ပဲလို့ ဘာကိုမှ ထိရှမှုမခံပဲ နေတတ်လာတယ်။
ဘဝကို တစ်ယောက်တည်းရှေ့ဆက်ရတဲ့ မိန်းမသားတွေဟာ မငိုတတ်တော့ဘူး၊
ဘာဖြစ်လို့လည်းဆိုတော့ လာချော့တဲ့သူမရှိတော့လို့
ဘာမဆိုအရှုံးမပေးရဲတော့ဘူး ကိုယ့်အားကိုယ်ကိုးနေရတဲ့အတွက် လောကကြီးကိုရင်ဆိုင်နိုင်တဲ့ သတ္တိတွေ အပြည့်ရှိနေလို့
ခိုင်မာတဲ့ခြေလှမ်းနဲ့ တစ်ကိုယ်တည်း ရှေ့ဆက်လျှောက်လှမ်းမယ်ဆိုတဲ့ မာန်အပြည့်နဲ့ ဘဝကို ရုန်းကန်ကြနေကြတယ်။
ဘယ် မိန်းမကများ မိန်းမအရင့်အမာကြီးအဖြစ်ခံချင်ပါ့မလဲ၊ သူများရင်ခွင်ထဲမှာ နွဲ့ဆိုးဆိုးချင်တာပေါ့..
ကတိတစ်ခု၊ ယုံကြည်မှုတစ်ခုနဲ့ သူပေးတဲ့လက်တစ်ကမ်းဟာ ကိုယ့်အတွက် လုံခြုံမှုပေးနိုင်တယ်လို့ ထင်ခဲ့တဲ့အတွေးနဲ့ လက်ရှိအခြေအနေမှာ ကိုယ်တိုင်ကြုံနေရတဲ့ ဘဝကွာခြားမှန်းသိသွားတဲ့အခါမှာ
ဘဝကပေးတဲ့ သင်ခန်းစာ အချို့ကြောင့် သန်မာသွားခဲ့ကြတယ်…
credit to ..ဦးဘုန်း ဓာတု
ဘဝမှာလူတန်းစေ့ မြင့်မားနေနိုင်ဖို့ထက်
စိတ်ဓာတ်တော့မြင့်မားချင်တယ်….
ဘဝမှာကြိုးစားသလောက်အရာထင်ဖို့ထက်
အပူပင်ကင်းကင်းနဲ့လောဘနည်းချင်တယ်….
ဘဝမှာမြိုသိပ်ဟန်ဆောင်ရယ်ပြဖို့ထက်
မာယာကင်းအသံကျယ်ကျယ်ရယ်မောချင်တယ်….
ဘဝမှာကိုယ်ချစ်ရသလို ကိုယ့်ကိုယ်လဲ အချစ်ခံချင်တယ်….
ဘဝမှာနွေးထွေးမှုကြင်နာမှုမရတာထက်
အထီးကျန်တဲ့ဘဝကိုမပိုင်ဆိုင်ချင်ဘူး….
ဘဝမှာချမ်းသာပြည့်စုံပါလျှက်
မောဟတွေဒေါသတွေလောဘတွေနဲ့လူတွေထက်
ဆင်းရဲနွမ်းပါးပီးတင်းတိမ်ရောင့်ရဲကြိုးစားသူသာဖြစ်ချင်တယ်….
ဘဝမှာနောက်ကလိုက်ရမယ့် ပူပန်ရမယ့်လက်တွဲဖော်ပိုင်ဆိုင်ရမှာထက်
အတူယှဉ်တွဲဖေးမကူညီစိတ်တူကိုယ်တူတွဲလက်ညီသူနဲ့သာအတူရှိချင်တယ်….
ဘဝမှာပြည့်စုံပီးစိတ်ဆင်းရဲနေရတဲ့ဘဝထက်
မပြည့်စုံပေမယ့်လည်းစိတ်ချမ်းသာရတဲ့ဘဝကိုသာလိုချင်တယ်….
တောင်းတသမျှအကုန်မပြည့်ပေမယ့်…..
စိတ်ချမ်းသာတဲ့ဘဝနဲ့အချိန်တွေရရင်ကျေနပ်ပီ….
ပြုပြင်နေသူ၊ကြိုးစားနေသူအတွက်နေရာတစ်နေရာကရှိစမြဲ..
ရိုးသားကြိုးစားသည်းခံနိုင်ရင်အောင်မြင်ဖို့ကမခက်ခဲ..
မေတ္တာပေးတာစစ်ရင်အစစ်မှန်ရဖို့ကလည်းမခက်ခဲ..
ပါးစပ်ကရိုးသားပါတယ်ဆိုပီးသူတစ်ပါးကိုထိခိုက်စေတာထက်၊
မရိုးသားဘူးပြောခံရပီးသူတစ်ပါးကိုမထိခိုက်စေတာပိုမြတ်ပါတယ်..
အမြတ်တကာ့အမြတ်တွေထဲအရင်းနှီးရဲ့အမြတ်ထက်..
ကိုယ့်ကြောင့်သူတစ်ပါးမထိခိုက်မနာကျင်ရတာအမြတ်ဆုံးပါ..
ကိုယ်ပြုခဲ့တွေးခဲ့လုပ်ခဲ့သမျှသေခါနီးမှအပါယ်ငရဲမြင်ရလို့လက်အုပ်ချီရမှာထက်….
ကိုယ့်လိပ်ပြာကိုယ်သန့်နေရင်ကိုယ့်ပေးဆပ်မှုတစ်ကယ်စစ်ရင်..
ဘဝမှာအချစ်နဲ့မိတ်ဆွေစစ်ကမရှားပါဘူး…….
Credit to ရွှေပိုးစစ်
အချစ်​ဆိုတာ
” ချစ်လို့ “ဆိုတဲ့
စကားတစ်ခွန်းနဲ့ အရာရာကို
ချုပ်ချယ်ထားလို့ မရသလိုပဲ
” စိတ်ချပါ “ဆိုတဲ့
စကားတစ်ခွန်းနဲ့လည်း အရာရာကို 
“ယုံကြည်လိုက်ဖို့ 
   မဖြစ်နိုင်ပါဘူး ။
” ငါနင့်ကို ချစ်တယ်”
ပြောလိုက် ဖို့က, လွယ်တယ် 
တစ်သက်တာ တာဝန်ယူဖို့က 
” ခက်တယ် … ။
#news
လူတစ်ယောက့်တန်ဖိုး
အပေါ်ယံလို့ ထင်ထားတဲ့
တချို့ အရာ​တွေက
တစ်ချိန်မှာ အရေးပါ အရာ
ရောက်လာတတ်တယ်။
အအေးတစ်ဗူးကို
အပြင်မှာ 500 နဲ့ဝယ်လို့ ရပေမယ့်
Hotel (ဟိုတယ်) မှာ 1000 နဲ့
ဝယ်ရနိုင်တယ် ။
လူတစ်ယောက်ရဲ့
တန်ဖိုးဟာ ထိုလူရောက်ရှိနေတဲ့
နေရာနဲ့လည်း
သက်ဆိုင်ပါတယ်..။
တစ်​ခါက လူကြီးတစ်​​ယောက်
ပြောတာကို မှတ်​သားရ ဖူးပါတယ်
” လူတစ်​​ယောက်​ရဲ့ တန်​ဖိုးဆိုတာ
တစ်​​နေ့ကို ​ငွေ ဘယ်​​လောက်​ရှာနိုင်​သလဲ
“ဆိုတဲ့ အ​ပေါ်မှာပဲ မူတည်​ပါသတဲ့။
” တစ်​​နေ့ ​ငွေ ၅၀၀၀(ငါး​ထောင်​)ရှာနိုင်​ရင်
မင်းဟာ ၅၀၀၀(ငါး​ထောင်​) တန်​ လူ ပဲ ။
တစ်​​နေ့ ​ငွေ ၅၀၀၀၀(ငါး​သောင်း)ရှာနိုင်​ရင်
မင်းဟာ ငါး​သောင်းတန်​ လူပဲ.. တဲ့။
လူ၏ တန်​ဖိုး ဆိုတာ
စည်းကမ်းလို့ လူ​တွေ​ပြောတယ်​။
စည်းကမ်းရှိပြီး
ဝင်​​ငွေ တစ်​ပြားတစ်​ကျပ်​မှ ​မရှိရင်
မင်းတန်​ဖိုးဟာ “ဘာလဲ ..
Post: wathan
#news
အလိမ်အညာဆိုတာ
အလိမ်အညာဆိုတာ
    ယုံချင်မှ အမှန်ပါ တဲ့,,,
ကျွန်တော်ကတော့
      သူ့ရဲ့လိမ်ညာစကားတွေကို
             ရိုးသားတက်မက်စွာ ယုံလိုက်တယ်,,,
အဲဒီနောက်မှာတော့
  သူမနှင့်ကျွန်တော် စိုက်ပျိုးခဲ့တဲ့
      အချစ်သစ်ပင်အောက်မှာ
         ခြောက်သွေ့နေတဲ့ နှလုံးသားအကြေအမွတွေပဲ
             လိုက်ကောက်ခဲ့ရပါတယ်,,,,,,,,
အထိုက်အလျောက်
         ကြွေကျခဲ့တာတော့မဟုတ်ပါဘူး
                   သူ တမင်ချွေချခဲ့တာပါ,,,,,
                              KYAW KYAW KHAING(bago)
                              2015-ဒိုင်ယာယီ
#news
ဟုတ်ကဲ့ 😢
“သူကျေနပ်ဖို့ …